ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေး မှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီး ရမိခြင်း

(၂၈-၁-၂၀၁၇)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များအဖွဲ့ သည် ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်ရပ်ကွက်၊ စကားဝါလမ်း၊ ခြံအမှတ်(၄၀၂)၊ ဝါဝါဝင်းကုမ္ပဏီပိုင်ခြံဝင်းအတွင်းမှ ကုန်သေတ္တာ(၁၆)လုံးအတွင်း ထည့်သွင်းထားသည့် တရားမဝင် ပိတောက်စကွဲယား ခန့်မှန်း(၃၇၅)တန်ခန့်၊ တမလန်း စကွဲယားခန့်မှန်း (၂၀)တန်ခန့်၊ စုစုပေါင်း(၃၉၅)တန်ခန့်နှင့်အတူ ကွန်သေတ္တာသယ် ဆောင်သည့် (၁၀)ဘီးယာဉ် (၆)စီး၊ ယာဉ်(၇)စီး၊ ပိုင်ရိုက်စက်(၃)လုံး၊ ကုန်သေတ္တာ အလွတ်(၈)လုံး၊ တရားခံ(၁)ဦးတို့အား ဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိသည့် တရားမဝင် သစ်များအား အသေးစိတ်တိုင်းတာလျက်ရှိပြီး တရားခံအား သစ်တောဥပဒေပုဒ်မ ၄၂(ခ)ဖြင့် မင်္ဂလာဒုံမြို့နယ် တရားရုံးတွင် တရားစွဲ ဆောင်ရွက်မည်ဖြစ်ပါသည်။