ကရင်ပြည်နယ်၊ မြဝတီမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သောအဖွဲ့မှ တရားမဝင် သစ်များဖမ်းဆီးရမိခြင်း

(၂၈-၁-၂၀၁၇)ရက်နေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေး မှူးတို့ပါဝင်သောအဖွဲ့သည် မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်၊ တောင်မြဝတီကြိုးဝိုင်း အတွင်းရှိ (၂/၁၉၉၁)စီးပွားရေးကျွန်းစိုက်ခင်း (၇၅)ဧကအတွင်းမှ ခုတ်လှဲ၍ ထော်လာဂျီ ယာဉ်ဖြင့် သယ်ယူလာသည့် တရားမဝင် ကျွန်း(သစ်/တိုင်) (၅)လုံး၊ (၀.၃၁၈)တန်နှင့် အတူ တရားခံ(၂)ဦးအား ဖမ်းဆီးရမိပါသည်။ တရားခံများအား သစ်တောဥပဒေပုဒ်မ ၄၃(က)ဖြင့် အမှုဖွင့်အရေးယူသွားမည်ဖြစ်ပါသည်။