မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များနှင့် ငွေတော်ကျီကုန်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၃၀-၁-၂၀၁၇)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များနှင့် ငွေတော်ကျီကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုပန်းခြံလမ်း၊ အနောက်ဘက်၊ စီမံကိန်းရုံးရှေ့တွင် ယာဉ်အမှတ် (8L/6414)နှင့် (5F/4013) တပ်ဆင်ထားသော ကင်တာအမျိုးအစား၊ အဖြူရောင်(၆) ဘီးမော်တော်ယာဉ်(၂)စီးပေါ်မှ တရားမဝင်(ကျွန်း/ပိတောက်)သစ်၊ ဓားရွေ၊ ဗုံတို၊ (၄၆) လုံး/ချောင်း၊ (၉.၂၃၉၄)တန်နှင့်အတူ တရားခံ(၂)ဦးဖမ်းဆီးရမိပါသည်။ တရားခံများအား ပြည်ကြီးတံခွန်(မြို့နယ်)ရဲစခန်းတွင် ပ.ပ.က ဥပဒေပုဒ်မ ၆(၁)အရ အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။