နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ လယ်ဝေးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ရှမ်းစုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၃၀-၁-၂၀၁၇)ရက်နေ့တွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ လယ်ဝေးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ရှမ်းစုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် လယ်ဝေးမြို့နယ်၊ ကန်လှကျေးရွာ ရွာလယ်လမ်းတွင် တရားမဝင် ကျွန်းတိုင်(၁၆)လုံး၊ (၀.၈၅၆၀)တန်၊ အဆိုပါ တိုင်လုံးများအား သယ်ယူလာသည့် ယာဉ်အမှတ်(8E/5002) တပ်ဆင်ထား သည့် Light Truck အမျိုးအစား အဖြူရောင်(၄)ဘီးယာဉ်နှင့်အတူ တရားခံ(၂)ဦး ဖမ်းဆီးရမိပါသည်။ ပိုင်ရှင်နှင့် ဆက်စပ်ပတ်သက်သူများအား သစ်တောဥပဒေပုဒ်မ ၄၃(က)အရ လယ်ဝေးမြို့မရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။