ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်း ဆင်မုဆိုးတစ်ဦးအား သက်သေခံပစ္စည်းများနှင့်အတူဖမ်းဆီးရမိ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တောရိုင်းတိရစ္ဆာန်များအား တရားမဝင်သတ်ဖြတ်ခြင်း၊ တောရိုင်းတိရစ္ဆာန်များ၏ အစိတ်အပိုင်းများအား တရားမဝင်လက်ဝယ်ထားရှိခြင်း၊ ရောင်းဝယ်ဖောက်ကားမှုများအား သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့်အတူ စုံစမ်းဖော်ထုတ် ဖမ်းဆီး၍ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

(၁-၁-၂၀၁၇)ရက်နေ့၊ (ဝ၃:ဝဝ)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ သံပတ်ကွင်းကျေးရွာ၊ အုပ်ရေးမှူးနှင့်အဖွဲ့တို့ပါဝင်သော ပူးပေါင်း အဖွဲ့သည် ငပုတောမြို့နယ်၊ ဆင်မကြိုးဝိုင်း၊ အကွက်အမှတ်(၃၁)၊ ခန့်မှန်းမပည(FP-491412)ဒေသအခေါ် ဆောင်ပုံဟဲအဝပြန်နေရာ၌ ဆင်မုဆိုးတရားခံ ဦးသာဒင်(ခေါ်) ထွားမြင့်(ဘ)ဦးမောင်ကြံအား ဆင်ဖမ်းရာတွင်အသုံးပြုသည့် ဒူးလေး(၂)လက်၊ မြှားတံ (၁၁)ချောင်းနှင့်အတူ အလေးချိန်(၁)ပိဿာ ခန့်ရှိ ဆင်အံ(၁)ခု၊ အလေးချိန်(၂၀)ကျပ် သားခန့်ရှိ ဆင်အံ(၁)ခု၊ အလေးချိန်(၁၀)ကျပ်သားခန့်ရှိ ဆင်အံ(၁)ခု၊ အရှဉ်(၈)လက်မ ခန့်ရှိ ဆင်ရိုး(၁)ချောင်း၊ အလေးချိန်(၁) မတ်သားခန့်ရှိ ဆင်သားရေခွံ(၁)ခုနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

အဆိုပါတရားခံအား တောရိုင်းတိရ စ္ဆာန်များနှင့်သဘာဝအပင်များ ကာကွယ်ရေး နှင့် သဘာဝနယ်မြေများထိန်းသိမ်းရေးဥပဒေပုဒ်မ(၃၇)က ဖြင့် တရားစွဲဆိုထားရှိပြီး ဆင်မုဆိုးများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

(၂၈-၁-၂၀၁၇)ရက်နေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေး မှူးတို့ပါဝင်သောအဖွဲ့သည် မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်၊ တောင်မြဝတီကြိုးဝိုင်း အတွင်းရှိ (၂/၁၉၉၁)စီးပွားရေးကျွန်းစိုက်ခင်း (၇၅)ဧကအတွင်းမှ ခုတ်လှဲ၍ ထော်လာဂျီ ယာဉ်ဖြင့် သယ်ယူလာသည့် တရားမဝင် ကျွန်း(သစ်/တိုင်) (၅)လုံး၊ (၀.၃၁၈)တန်နှင့် အတူ တရားခံ(၂)ဦးအား ဖမ်းဆီးရမိပါသည်။ တရားခံများအား သစ်တောဥပဒေပုဒ်မ ၄၃(က)ဖြင့် အမှုဖွင့်အရေးယူသွားမည်ဖြစ်ပါသည်။