ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများမှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၃၁-၁-၂၀၁၇)ရက်နေ့တွင် ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများသည် တရားမဝင်သစ်ရှာဖွေ ဖမ်းဆီးခြင်းလုပ်ငန်းများဆောင်ရွက်ရာ မှော်ဘီမြို့၊ မြို့မ(၁)ရပ်ကွက် ပေါ်တော်မူလမ်း သိဒ္ဓိမင်္ဂလာ အခမဲ့ဘုန်းတော်ကြီးပညာသင်ကျောင်းအနီးတွင် ယာဉ်အမှတ် YGN-1C- 2388 တပ်ဆင်ထားသော AD Van အဖြူရောင်ယာဉ်(ယာဉ်ပေါ်ပါသူများထွက်ပြေး) ပေါ်မှ တရားမဝင် ကျွန်းတံခါးချပ် (၃၁)ချပ် (၀.၆၈၂၆)တန် ဖမ်းဆီးရမိခဲ့သည်။