စစ်ကိုင်းခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်းခရိုင် မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့တို့ပူးပေါင်းသော စစ်ဆေးရေးအဖွဲ့မှာ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၃၁-၁-၂၀၁၇)ရက်နေ့တွင် စစ်ကိုင်းခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်းခရိုင် မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့တို့ပူးပေါင်းသော စစ်ဆေးရေးအဖွဲ့သည် မိုင်တိုင် အမှတ်(၂၁/၁)ရဲတပ်ရင်း(၁၆)ရှေ့တွင် ယာဉ်အမှတ်- 8H/2037 (Nissan Diesel) (၆)ဘီး ဖြူပြာကြားယာဉ်(ယာဉ်မောင်းထွက်ပြေး)ပေါ်မှ တရားမဝင် ပျဉ်းကတိုးဓားရွေ၊ ကျွန်းဓားရွေ၊ စုစုပေါင်း(၅၁)တုံး (၁၀.၀၀၄၄)တန် ဖမ်းဆီးရမိခဲ့၍ ပစ္စည်းပိုင်ရှင်နှင့်သယ် ဆောင်လာသူ တရားခံအား ဖော်ထုတ်နိုင်ရေး စစ်ကိုင်းခရိုင် ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်လျက်ရှိသည်။