စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ် သစ်တောဦးစီး ဌာနမှူးနှင့် သစ်တောဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့မှာ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၃၁-၁-၂၀၁၇)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ် သစ်တောဦးစီး ဌာနမှူးနှင့် သစ်တောဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရေဦး-ကလေးဝလမ်းတစ်လျှောက် တရားမဝင် သစ်ရှာ ဖွေဖမ်းဆီးခြင်းလုပ်ငန်းဆောင်ရွက်ရာ မိုင်တိုင်အမှတ်(၁၁/၄)နေရာတွင် ရွှေပြည်သာ (မှန်လုံခရီးသည်ယာဉ်) ယာဉ်အမှတ် ၆ခ/၂၄၂၉ တပ်ဆင်ထားသော (၆)ဘီး အဖြူ/ အစိမ်းကြားယာဉ်ပေါ်မှ စပါးခွံအိတ်များဖုံးအုပ်ထားသည့် တရားမဝင် တမလန်းခွဲသား (၁၄၆)ချောင်း (၄.၂၅၂၈)တန်အား တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့၍ ပြည်သူပိုင် ပစ္စည်းကာကွယ်ရေးဥပဒေပုဒ်မ ၆(၁)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိသည်။