ပြင်ဦးလွင်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော ခရိုင်နှင့် ပြင်ဦးလွင်၊ သပိတ်ကျင်းမြို့နယ်တို့မှ သစ်တောဝန်ထမ်းများပါဝင်သောအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၃၁-၁-၂၀၁၇)ရက်နေ့၊ (၀၅ : ၁၅)နာရီတွင် ပြင်ဦးလွင်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော ခရိုင်နှင့် ပြင်ဦးလွင်၊ သပိတ်ကျင်းမြို့ နယ်တို့မှ သစ်တောဝန်ထမ်းများပါဝင်သောအဖွဲ့သည် နယ်မြေရှင်းလင်းခြင်းလုပ်ငန်းဆောင်ရွက်စဉ် သပိတ်ကျင်းမြို့နယ်၊ မန္တလေး-ဗန်းမော်ကားလမ်း၊ တကောင်းလမ်းဆုံတွင် ယာဉ်အမှတ် စျ/၂၇၅၃ တပ်ဆင်ထားသော ISUZU (၆)ဘီးယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုးသစ်(၆)လုံး၊ (၂.၁၄၀)တန်အား ယာဉ်မောင်း/ယာဉ်ပိုင်ရှင်/သစ်ပိုင်ရှင်ဖြစ်သူ (၁)ဦးနှင့်အတူ ဖမ်းဆီးရမိ၍ သစ်တောဥပဒေပုဒ်မ ၄၂(ခ)အရ အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ ဆက်လက်၍ အထက်ပါအဖွဲ့နှင့် သပိတ်ကျင်းမြို့နယ် ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မတ္တရာမြို့နယ်မှ သစ်တောဝန်ထမ်းများပူးပေါင်းပြီး (ဝရ : ဝ၀)နာရီအချိန်တွင် သပိတ်ကျင်းမြို့နယ် ဒေါမကြီးတဲစုအနီးတွင် ဟီးနိုး(၆)ဘီး (ခေါင်းအပြာ) ယာဉ်အမှတ်မပါယာဉ်အား ရပ်တန့်ရှာဖွေရာ တရားမဝင် ပျဉ်းကတိုးသစ် (၅)လုံး၊ (၃.၈၉၈)တန်နှင့် ပိတောက်ခွဲသား(၆)ချောင်း၊ (၀.၁၆၆၆)တန်အား တရားခံ(၂) ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့၍ သစ်တောဥပဒေပုဒ်မ ၄၂(ခ)၊ ၄၂(ဂ)တို့အရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်။ ဆက်လက်၍ ၄င်းအဖွဲ့သည် ပြင်ဦးလွင်မြို့နယ် သစ်တောဝန်ထမ်းနှင့် ဒေါမတဲစုရာအိမ်မှူးတို့ပါဝင်သောအဖွဲ့နှင့်ပူးပေါင်း၍ (၁၁ : ၄၅) နာရီတွင် သပိတ်ကျင်းမြို့နယ် ဒေါမတောင်နှင့် ခိုတောင်ကြားတဲစုအနီး သက္ကယ်တော အတွင်း တရားမဝင် ပိတောက်ဓားရွေ(၁၁)ချောင်း၊ ပိတောက်သစ်လုံး(၁)လုံး၊ ပေါင်း (၁.၆၈၅၀)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့၍ စုစုပေါင်း(၁၂)လုံး/ (၁၇)ချောင်း၊ (၇.၈၈၉၆)တန် ဖမ်းဆီးရမိခဲ့သည်။