မန္တလေးခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သောဝန်ထမ်းများ၊ မဟောအောင်မြေမြို့နယ် ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရဲမွန်တောင်အုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၃၁-၁-၂၀၁၇)ရက်နေ့တွင် မန္တလေးခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မဟောအောင်မြေမြို့နယ် ဦးစီးအရာရှိ နှင့် သစ်တောဝန်ထမ်းများ၊ အမှတ်(၉)ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ရဲမွန်တောင်အုပ်ချုပ် ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် တရားမဝင် သစ်ရှာဖွေဖမ်းဆီးခြင်းလုပ်ငန်း ဆောင်ရွက်ရာ ရဲမွန်တောင်ရပ်နှင့် သံလျှက်မှော် အရှေ့ရပ်ကွက် မဟာအောင်မြေမြို့ နယ်တွင် တရားမဝင် ပိတောက်ခွဲသား၊ ပိတောက်မယ်ဒလင်(ပုံကြမ်း) စုစုပေါင်း(၂၉၃) ချောင်း၊ (၂.၇၁၀၆)တန်၊ Chain Saw (၂)လက်၊ ဖြတ်စက်(၂)လုံး၊ ယာဉ်အမှတ် 5G/1523 တပ်ဆင်ထားသော မှန်လုံခရီးသည်တင်ယာဉ်(အဝါ/ အစိမ်းကြား)(၆)ဘီး တို့ကို တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့၍ သစ်တောဥပဒေပုဒ်မ ၄၂(ခ)ဖြင့် တရားစွဲ ဆို ဆောင်ရွက်သွားမည်ဖြစ်သည်။