မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၁-၂-၂၀၁၇)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ပုသိမ် ကြီးမြို့နယ်၊ ရေထွက်ကျေးရွာတောင်ဘက်၊ ရေဆိုးမြောင်းတော်အနီး၊ လယ်ကွင်းဘေးတွင် ယာဉ်အမှတ်(2C/8933) တပ်ဆင်ထားသော Canter အမျိုးအစား၊ အဖြူရောင် (၆)ဘီးယာဉ်ပေါ်မှ တရားမဝင် ပိတောက်ဓားရွေ(၁၇)ချောင်း၊ (၃.၀၉၄၆)တန်နှင့်အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိပါသည်။ တရားခံအား သစ်တောဥပဒေပုဒ်မ ၄၂(ခ)အရ အရေးယူဆောင်ရွက်မည်ဖြစ်ပါသည်။