ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၁-၂-၂၀၁၇)ရက်နေ့တွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များပါဝင်သောပူးပေါင်းအဖွဲ့သည် လားရှိုးမြို့၊ မြို့ရှောင်လမ်း မိုင်တိုင် ၆/၆ နှင့် ၆/၇ ကြားနေရာတွင် ယာဉ်အမှတ်(4C/4658) တပ်ဆင်ထားသည့် Super Custom အမျိုး အစား ခဲရောင်ယာဉ်ပေါ်မှ တရားမဝင် တမလန်းတိုင်(၈)လုံး (၀.၁၆၁၂)တန်နှင့် တရားခံ(၁)ဦး၊ ယာဉ်အမှတ်(2C/8933) တပ်ဆင်ထားသော Canter အမျိုးအစား၊ အဖြူရောင် (၆)ဘီးယာဉ်ပေါ်မှ တရားမဝင် တမလန်း(သစ်/တိုင်/ဓားရွေ)(၃၃)လုံး၊ (၁.၀၆၅၆)တန်နှင့် တရားခံ(၁)ဦး ဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိမှု စုစုပေါင်းမှာ တမလန်း(သစ်/တိုင်/ဓားရွေ) (၂၁)လုံး၊ (၁.၂၂၆၈)တန်၊ တရားခံ(၂)ဦးနှင့် ယာဉ်(၂)စီး ဖြစ်ပါသည်။ တရားခံများအား ပ.ပ.က ဥပဒေပုဒ်မ ၆(၁)အရ အမှုဖွင့်ဆောင်ရွက်လျက် ရှိပါသည်။