ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ရတခလရ(၂၂၃)မှ တပ်မတော်သားများနှင့် စိန်လုံရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သောအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၃-၂-၂၀၁၇)ရက်နေ့တွင် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ရတခလရ(၂၂၃)မှ တပ်မတော်သားများနှင့် စိန်လုံရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သောအဖွဲ့သည် မိုးမောက်မြို့နယ်၊ ပန်မူကျေးရွာအနီး ခန့်မှန်းမြေပုံ ညွှန်း (LG-489834)နေရာတွင် ယာဉ်အမှတ်(4D/5813)တပ်ဆင်ထားသော ပါဂျဲရိုး အမျိုးအစား၊ အစိမ်းရောင် ယာဉ်ပေါ်နှင့် ယာဉ်အနီးမှ တရားမဝင် ကျွန်းခွဲသား(၁၆၄) ချောင်း၊ (၂.၇၉၄၀)တန်နှင့်အတူ တရားခံ(၂)ဦး ဖမ်းဆီးရမိပါသည်။ တရားခံများအား ပ.ပ.က ဥပဒေ ၆(၁)အရ အမှုဖွင့်အရေးယူထားရှိပါသည်။