ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၄-၂-၂၀၁၇)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များအဖွဲ့သည် ပဲခူးမြို့နယ် ဘုရားကြီး-ဇောင်းတူ ကားလမ်းဘေး တရုတ်လယ်ကျင်း သစ်တောစခန်းတွင် ယာဉ်အမှတ် (၇က/၅၁၂၁)တပ်ဆင်ထားသော NISSAN အမျိုးအစား၊ အစိမ်းရောင်(၆)ဘီးယာဉ်ပေါ်မှ တရားမဝင် အခြားခွဲသား(၂၃) ချောင်း၊ (၂.၆၈၉၀)တန်၊ ပေါင်(၉၀)ဝင် မီးသွေး(၉၅)အိတ် (၃၀.၄၀)တန်နှင့်အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိပါသည်။ တရားခံများအား သစ်တောဥပဒေအရ အရေးယူ ဆောင်ရွက်မည်ဖြစ်ပါသည်။