ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် ပြည်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့များပါဝင်သောပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များ ဖမ်းဆီးရမိခြင်း

(၄-၂-၂၀၁၇)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် ပြည်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့များပါဝင်သောပါဝင်သောပူးပေါင်း အဖွဲ့သည် ပြည်မြို့နယ်၊ ပန်းတောင်း-ပြည်ကားလမ်း မိုင်တိုင် ၀/၀၊ နဝဒေးတံတားအနီး တွင် ယာဉ်အမှတ်(ဘ/၄၂၉၃) တပ်ဆင်ထားသည့် NISSAN အမျိုးအစား၊ အစိမ်းရောင် (၁၀)ဘီးယာဉ်ပေါ်မှ တရားမဝင် အခြားခွဲသား(၇၂)ချောင်း (၉.၇၉၆)တန်နှင့်အတူ တရားခံ(၅)ဦး ဖမ်းဆီးရမိပါသည်။ တရားခံများအား သစ်တောဥပဒေပုဒ်မ ၄၁(က)အရ အရေးယူဆောင်ရွက်မည်ဖြစ်ပါသည်။