နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများ၊ ပလွေးအမြန်လမ်းရဲစခန်းနှင့် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၄-၂-၂၀၁၇)ရက်နေ့တွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများ၊ ပလွေးအမြန်လမ်းရဲစခန်းနှင့် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဒက္ခိဏသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်(၂၀၁/၆)အနီးတွင် ယာဉ်အမှတ်(7A-9167) တပ်ဆင်ထားသော FUSO အမျိုးအစား(၁၂)ဘီးယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား(၅၉)ချောင်း၊ (၈.၀၄၃၆)တန်နှင့်အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိပါသည်။ တရားခံအား သစ်တောဥပဒေပုဒ်မ ၄၂(ခ)အရ အရေးယူဆောင် ရွက်ထားရှိပါသည်။