ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၅-၂-၂၀၁၇)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များအဖွဲ့သည် အုတ်တွင်းမြို့ နယ်၊ ခပေါင်းကြိုးပြင်ကာကွယ်တော ခုတ်ကွက်ကြီး(၁၇)တွင် ယာဉ်အမှတ်(9I-9403) တပ်ဆင်ထားသော FAW အမျိုးအစားယာဉ်(၁)စီး၊ ယာဉ်နှင့် 6E/7875 တပ်ဆင်ထား သော WISH အမျိုးအစား ယာဉ်(၁)စီး၊ ယာဉ်အမှတ် 4I-2846 တပ်ဆင်ထားသော လိုက်ထရပ်အမျိုးအစား ယာဉ်(၁)စီး၊ စုစုပေါင်း ယာဉ်(၃)စီးပေါ်မှ တရားမဝင် ကျွန်းခွဲ သား(၁၇၅)ချောင်း၊ (၉.၀၀၂၂)တန်နှင့်အတူ တရားခံ(၄)ဦး ဖမ်းဆီးရမိပါသည်။ တရားခံများအား ပ.ပ.က ဥပဒေပုဒ်မ ၆(၁)ဖြင့် အရေးယူဆောင်ရွက်မည်ဖြစ်ပါသည်။