ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် သစ်တောဦးစီး ဌာနမှ သစ်တောဝန်ထမ်းများနှင့် သတင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီး ရမိခြင်း

(၆-၂-၂၀၁၇)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် သစ်တောဦးစီး ဌာနမှ သစ်တောဝန်ထမ်းများနှင့် သတင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ သည် ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်(၁၂၄/၀ နှင့် ၁၂၄/၁)ကြားတွင် ယာဉ်အမှတ်(5J-1373) တပ်ဆင်ထားသော HINO အမျိုးအစား၊ နို့စိမ်းရောင်(၁၂)ဘီးယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား(၇၈)ချောင်း၊ (၇.၀၉၆၀) တန်အား သိမ်းဆည်းရမိပါသည်။ ဖမ်းဆီးရမိသည့် တရားမဝင် သစ်ပိုင်ရှင်နှင့် ပါဝင် ပတ်သက်သူများအား စုံးစမ်းဖော်ထုတ်၍ ဥပဒေအရ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။