ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင် သောအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၆-၂-၂၀၁၇)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများနှင့် သစ်တော လုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောအဖွဲ့သည် တောင်ငူမြို့နယ်၊ စမိုးထင်းကြိုးဝိုင်း အတွင်း ခန့်မှန်းမြေပုံညွှန်း(V-769186) နေရာတွင် ယာဉ်အမှတ်(8B/1639) တပ်ဆင် ထားသော (၁၀)ဘီးယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုး(သစ်လုံး၊ ခွဲသား) (၈၂)လုံး/ ချောင်း၊ (၅.၈၆၄၂)တန်နှင့်အတူ လက်ကိုင်စက်လွှ(၁)လက်အား သိမ်းဆည်းရမိပါသည်။ တရားမဝင် သစ်ပိုင်ရှင်နှင့် ပါဝင်ပတ်သက်သူများအား ဥပဒေအရ အရေးယူနိုင်ရေး စုံးစမ်းဖော်ထုတ်လျက်ရှိပြီး သိမ်းဆည်းရမိသည့် တရားမဝင်သစ်နှင့်ဆက်စပ် ပစ္စည်းများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ထားရှိပါသည်။