မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ တောင်တွင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များနှင့် အုန်းတော(၁)ရပ်ကွက်မှ အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၆-၂-၂၀၁၇)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် သစ်တော ဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ တောင်တွင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ နှင့် အုန်းတော(၁)ရပ်ကွက်မှ အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် တောင်တွင်းကြီးမြို့နယ် ပြည်-အောင်လံ-တောင်တွင်းကားလမ်းမပေါ် တောစိမ်းကျေး ရွာနှင့် ရထားလမ်းကူးကြားတွင် ယာဉ်အမှတ် ဆ/၆၄၄၃ တပ်ဆင်ထားသော HINO အမျိုးအစား အပြာရောင်(၆)ဘီးယာဉ်ပေါ်မှ တရားမဝင်(ကျွန်း/ပျဉ်းကတိုး)ခွဲသား (၆၀) ချောင်း၊ (၃.၃၆၇၀)တန်နှင့်အတူ တရားခံ(၃)ဦး ဖမ်းဆီးရမိပါသည်။ တရားခံများအား ပ.ပ.က ဥပဒေပုဒ်မ ၆(၁)အရ အရေးယူဆောင်ရွက်မည်ဖြစ်ပါသည်။