ရှမ်းပြည်နယ်(ကျိုင်းတုံ)၊ မိုင်းဖြတ်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အမှတ်(၃၂၉)ခြေမြန်တပ်ရင်းမှ တပ်မတော်သားများနှင့် မိုင်းဖြတ်မြို့နယ်မှ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝငကျွန်းတံခါးရွက်များဖမ်းဆီးရမိခြင်း

(၇-၂-၂၀၁၇) ရက်နေ့တွင် ရှမ်းပြည်နယ်(ကျိုင်းတုံ)၊ မိုင်းဖြတ်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အမှတ်(၃၂၉)ခြေမြန်တပ်ရင်းမှ တပ်မတော်သားများနှင့် မိုင်းဖြတ်မြို့နယ်မှ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မိုင်းဖြတ်မြို့နယ် မိုင်းဖြတ်ပြည်ထောင်စုလမ်းမကြီး ခန့်မှန်းမြေပုံညွှန်း(LP-925272) နေရာတွင် ယာဉ် အမှတ်(2M-5828) တပ်ဆင်ထားသော NISSAN အမျိုးအစား၊ ဇီးရောင်၊ (၁၈)ဘီး နောက်တွဲယာဉ်ပေါ်မှ တရားမဝင် ကျွန်းတံခါးရွက်(၂၅၇)ချပ်၊ (၄.၂၅၉၂)တန်နှင့်အတူ တရားခံ(၂)ဦးအား ဖမ်းဆီးရမိပါသည်။ တရားခံများနှင့် ယာဉ်အား ပ.ပ.က ဥပဒေပုဒမ ၆(၁)အရ မိုင်းဖြတ်မြို့နယ် မြို့မရဲခစန်းတွင် အမှုဖွင့်ထားရှိပါသည်။