ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများ၊ အင်းငါးခွ သကြားစက်ရုံ ရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် သဖန်းကိုင်းကျေးရွာအုပ်ချုပ်ရေးမှူးတို့ပါဝင်သောအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၈-၂-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများ၊ အင်းငါးခွ သကြားစက်ရုံ ရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် သဖန်းကိုင်းကျေးရွာအုပ်ချုပ်ရေးမှူးတို့ပါဝင် သောအဖွဲ့သည် ပေါက်ခေါင်းမြို့နယ်၊ ရှားပြင်ကြိုးဝိုင်း၊ အကွက်အမှတ်(၆၁)၊ ပေါက် ခေါင်း-သဲကုန်းနယ်စပ်တွင် တရားမဝင် ပိတောက်ခွဲသား(၅၉)ချောင်း၊ (၆.၈၂၃၆)တန် အား သိမ်းဆည်းရမိပါသည်။ တရားမဝင် သစ်ပိုင်ရှင်နှင့် ပါဝင်ပတ်သက်သူများအား စုံးစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။