ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ သိန်းနီမြို့နယ်၊ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ သစ်တောဝန်ထမ်းများအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၉-၂-၂၀၁၇) ရက်နေ့တွင် ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ သိန်းနီမြို့နယ်၊ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ သစ်တောဝန်ထမ်းများအဖွဲ့သည် သိန်းနီမြို့နယ်၊ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် ယာဉ်အမှတ် (SHN-7F/8151) တပ်ဆင်ထားသော FUSO အမျိုးအစား အဖြူရောင် (၁၂) ဘီးယာဉ်ပေါ်မှ တရားမဝင် ပိတောက်(သစ်လုံး/ဓားရွေ)၊(၇၂)တုံး/လုံး(၁၃.၆၇၀၀) တန်၊ တရားခံ(၁) ဦးနှင့် ယာဉ်အမှတ်(MDY-2F/6602) တပ်ဆင်ထားသော ISUZU အမျိုးအစား၊ ခဲရောင်(၆) ဘီးယာဉ်ပေါ်မှ ပိတောက်၊ ဓားရွေ (၃၅) တုံး(၁.၂၇၈) တန်၊ တရားခံ (၂) ဦး ဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိမှု စုစုပေါင်း ပိတောက် (သစ်လုံး/ဓားရွေ)၊ (၁၀၇) လုံး/တုံး၊ (၁၄.၉၄၈၀)တန်၊ တရားခံ (၃) ဦးနှင့် ယာဉ်(၂)စီး ဖြစ်ပါသည်။ ဖမ်းဆီးရမိသည့် တရားခံများနှင့် ယာဉ်များအား ပပကဥပဒေပုဒ်မ ၆(၁) အရ အမှုဖွင့်အရေးယူ လျက်ရှိပါသည်။