မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၁၀-၂-၂၀၁၇) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများအဖွဲ့သည် ပြင်ဦးလွင်မြို့နယ် မေမြို့ထင်းကြိုးဝိုင်း အကွက်(၁၀)၊ ခန့်မှန်းမြေပုံညွှန်း(93B/12, G-070710) နေရာတွင် ယာဉ်အမှတ်(2L/1413) တပ်ဆင်ထားသော(HYUNDI LIBERO) အမျိုးအစား၊ အဖြူရောင်ယာဉ်(၁)စီး၊ ယာဉ်အမှတ်(1K/1598) တပ်ဆင်ထားသော (CDW737) အမျိုးအစားအနီရောင်ယာဉ်(၁)စီးနှင့် ယာဉ်အမှတ်(6D/5584) တပ်ဆင်ထားသော (SINO TRUCK) အမျိုးအစား၊ အဖြူရောင်နောက်တွဲ TLR-3315 ယာဉ်(၁)စီး၊ စုစုပေါင်းယာဉ်(၃)စီးပေါ်မှ တရားမဝင် (တမလန်း၊ ပိတောက်)ဓားရွေ (၄၃)တုံး၊ (၄.၈၇၆၆)တန်နှင့်အတူ တရားမဝင်သစ်များ သယ်ယူရာတွင် ပါဝင်သည့် ယာဉ်အမှတ် (MDY-9C/9157) တပ်ဆင်ထားသည့် MITSUBISHI CHAUENGER အမျိုးအစား လူစီးယာဉ်(၁)စီးနှင့် တရုတ်ဆိုင်ကယ်(၁၃)စီး၊ တရားခံ(၁၁)ဦးတို့အား ဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိမှု စုစုပေါင်းမှာ မော်တော်ယာဉ်(၄)စီး၊ တရုတ်ဆိုင်ကယ် (၁၃)စီး၊ တရားမဝင် (ပိတောက်၊ တမလန်း)ဓားရွေ(၄၃)တုံး၊ (၄.၈၇၆၆)တန်နှင့် တရားခံ(၁၁)ဦးတို့ဖြစ်ပါသည်။ တရားခံများ တရားမဝင်သစ်နှင့် ဆက်စပ်ပစ္စည်းများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေးအတွက် ပြင်ဦးလွင်မြို့မရဲစခန်းတွင် အမှု ဖွင့် တိုင်ကြားခဲ့ရာ ရဲစခန်းမှ ပ/(၁၇/၂၀၁၇)ဖြင့် အမှုဖွင့်၍ အရေးယူဆောင်ရွက်လျက် ရှိပါသည်။