ရှမ်းပြည်နယ်၊ သီပေါမြို့နယ်နှင့် လားရှိုးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ လားရှိုးမြို့နယ်၊ နောင်မွန်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ နှင့် ကွန်ခိုက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၁၀-၂-၂၀၁၇) ရက်နေ့တွင် ရှမ်းပြည်နယ်၊ သီပေါမြို့နယ်နှင့် လားရှိုးမြို့နယ် သစ်တော ဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ လားရှိုးမြို့နယ်၊ နောင်မွန်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ နှင့် ကွန်ခိုက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် လားရှိုးမြို့ နယ်၊ မန္တလေး-လားရှိုးပြည်ထောင်စုလမ်းမကြီး မိုင်တိုင်(၁၅၁/၃)နေရာတွင် ယာဉ်အ မှတ်(၉ဌ/၇၃၇၃၁) တပ်ဆင်ထားသော (၄)လုံးထိုး၊ ထော်လာဂျီအမျိုးအစားယာဉ်ပေါ်မှ တရားမဝင် ပိတောက်(သစ်/တိုင်/ဓားရွေ) (၁၈)လုံး/တုံး၊ (၂.၅၉၉၆)တန်နှင့်အတူ တရားခံ(၇)ဦး ဖမ်းဆီးရမိပါသည်။ မော်တော်ယာဉ်၊ တရားခံနှင့် ပါဝင်ပတ်သက်သူများ အား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။