ကရင်ပြည်နယ် ဘားအံမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် ထုံးအိုင်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၁၀-၂-၂၀၁၇) ရက်နေ့တွင် ကရင်ပြည်နယ် ဘားအံမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် ထုံးအိုင်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ သည် ဘားအံမြို့နယ်၊ ထုံးအိုင်-ကော့မှူးရွာလမ်း(တောကြီးရွာနိုင်ရွာ)အနီးတွင် ယာဉ် အမှတ်(KYH- 3C/7148) တပ်ဆင်ထားသော NISSAN အမျိုးအစား၊ (၁၂)ဘီး၊ အဖြူ ရောင်ယာဉ်ပေါ်မှ တရားမဝင် ပိတောက်(ခွဲသား/စကွဲယား) (၇၁)ချောင်း၊ (၈.၇၈၅) တန်နှင့်အတူ တရားခံ(၂)ဦး လက်ကိုင်ဖုန်း(၂)လုံးတို့အား ဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရ မိသည့် တရားမဝင် သစ်၊ တရားခံနှင့် ပါဝင်ပတ်သက်သူများ၊ ဆက်စပ်ပစ္စည်းများအား သစ်တောဥပဒေပုဒ်မ ၄၂(ခ)ဖြင့် အရေးယူဆောင်ရွက်မည်ဖြစ်ပါသည်။