ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် မဘိမ်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၁၁-၂-၂၀၁၇) ရက်နေ့တွင် ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် မဘိမ်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ သည် မဘိမ်းမြို့နယ်၊ နမ့်လှိုင်ကြိုးဝိုင်းအကွက်(၇)၊ ခန့်မှန်းမြေပုံညွှန်း(KE-204815) နေရာတွင် အယ်ဇူးသရီးကရောင် အမျိုးအစား၊ အပြာရောင်(၆)ဘီးယာဉ်(၂)စီးပေါ်မှ တရားမဝင် ပိတောက်သစ်လုံး(၂၁)လုံး၊ (၅.၉၀၈၀)တန်အား သိမ်းဆည်းရမိပါသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တရားမဝင် သစ်ပိုင်ရှင်/ ယာဉ်နှင့် ဆက်စပ်ပတ်သက်သူများအား စုံစမ်းဖော်ထုတ်၍ အရေးယူဆောင်ရွက်နိုင်ရေး ဆက်စပ်ဌာနများနှင့် ဆက် သွယ်ညှိနှိုင်းလျက်ရှိပြီး နယ်မြေရှင်းလင်းခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါသည်။