မွန်ပြည်နယ်၊ သထုံမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သထုံခရိုင် မှုခင်းတပ်ဖွဲ့ဝင်များနှင့် အသိသက်သေများပါဝင်သောအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၁၂-၂-၂၀၁၇) ရက်နေ့တွင် မွန်ပြည်နယ် သထုံမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သထုံခရိုင် မှုခင်းတပ်ဖွဲ့ဝင်များနှင့် အသိသက်သေများပါဝင် သောအဖွဲ့သည် သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာ၊ မိုင်တိုင်(၁၄၈/၂)အနီးတွင် ယာဉ် အမှတ်(7L/2214) တပ်ဆင်ထားသော ဟီးနိုးအမျိုးအစား၊ ခရမ်းဖြူရောင် (၁၈)ဘီး ယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုးခွဲသား(၁၅၅)ချောင်း၊ (၁၃.၁၀၉၈)တန်နှင့်အတူ တရားခံ(၂)ဦး ဖမ်းဆီးရမိပါသည်။ တရားခံများနှင့် ယာဉ်အား ပ.ပ.က ဥပဒေပုဒ်မ ၆(၁) အရ အမှုဖွင့်ထားရှိပါသည်။