စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လယ်ဘူးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်း များ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် အသိသက်သေများပါဝင်သောအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လယ်ဘူးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်း များ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် အသိသက်သေများပါဝင်သောအဖွဲ့သည် (၁၃-၂-၂၀၁၇) ရက်နေ့တွင် ပင်လယ်ဘူးမြို့နယ်၊ ညောင်ကုန်းရွာတမိုင်၊ ခန့်မှန်းမြေပုံညွှန်း (GB-324567) တွင် လေးလုံးထိုး၊ ထော်လာဂျီယာဉ်(၁)စီးပေါ်မှ တရားမဝင် ကျွန်းခွဲသား (၁၃၇)ချောင်း၊ (၂.၉၇)တန်၊ တရားခံ(၂)ဦးနှင့် (၁၄-၂-၂၀၁၇)ရက်နေ့တွင် ဒေါ်စီသစ် တောပျိုးဥယျာဉ်စခန်းရှေ့ ခန့်မှန်းမြေပုံညွှန်း(GB-612390) တွင် လီဖန်း အမျိုးအစား (၆)ဘီးယာဉ်(၁)စီးပေါ်မှ တရားမဝင် တမလန်းဓားရွေ(၁၁)ချောင်း၊ (၂.၃၄၃၂)တန်၊ တရားခံ(၄)ဦးတို့အား ဖမ်းဆီးရမိပါသည်။ စုစုပေါင်း ဖမ်းဆီးရမိမှုမှာ တရားမဝင် (ကျွန်း၊ တမလန်း) ခွဲသား/ ဓားရွေ (၁၄၈)ချောင်း၊ (၅.၃၁၃၂)တန်၊ တရားခံ (၆)ဦးနှင့် ယာဉ်(၂)စီးဖြစ်ပါသည်။ တရားခံများနှင့် ယာဉ်များအား ပ.ပ.က ဥပဒေ ၆(၁) ဖြင့် အရေးယူရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။