ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၁၃-၂-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် ပဲခူးမြို့၊ ညောင်ဝိုင်းရပ်ကွက် (၁၃)လမ်း၊ သွန်းဘုရား ရှေ့တွင် ယာဉ်အမှတ်(BGO-H/5158) တပ်ဆင်ထားသော HINO အမျိုးအစား (၆)ဘီး ယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုး(ခွဲသား၊ ဖရုံစိတ်) (၅၆)ချောင်း/ စိတ်၊ (၃.၈၁၈၆) တန်နှင့်အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိသည့် ယာဉ်နှင့် တရားခံ အား သစ်တောဥပဒေပုဒ်မ ၄၂(ခ)အရ အရေးယူဆောင်ရွက်မည်ဖြစ်ပါသည်။