ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၁၃-၂-၂၀၁၇) ရက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ကော့ ကရိတ်မြို့နယ်၊ ဘားအံ- မြဝတီလမ်းမကြီးဘေး မိုင်တိုင်(၁၂၆)ကီလိုမီတာနေရာတွင် ယာဉ်အမှတ် ၉ဌ/၂၄၇၇၆ တပ်ဆင်ထားသော FAW အမျိုးအစား၊ အပြာရောင်(၆)ဘီး ယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား(၃၃၀)ချောင်း၊ (၁.၃၀၀၄)တန်အား ဖမ်းဆီးရမိပါသည်။ သစ်ပိုင်ရှင်နှင့် ဆက်စပ်ပတ်သက်သူများအား ဥပဒေအရ အရေးယူနိုင်ရေးအတွက် ကော့ကရိတ်မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြား၍ စုံစမ်းဖော်ထုတ်လျက်ရှိပါသည်။