ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ကြိုးကြာကွင်းအုပ်စုအုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၁၃-၂-၂၀၁၇) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ကြိုးကြာကွင်းအုပ်စုအုပ်ချုပ်ရေး မှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ကုတ်မြို့နယ်၊ ပန်းတောင်း-တောင်ကုတ် ကားလမ်းပေါ်ရှိ တောင်ကုတ်မြို့အဝင်- ဘိုးဘွားရိပ်သာအနီးတွင် ယာဉ်အမှတ်(YGN-3B/7069) တပ်ဆင်ထားသော HINO အမျိုးအစား၊ ခေါင်းအဖြူရောင်(၁၀)ဘီးယာဉ်ပေါ်မှ တရားမဝင် ကညင်/ စကားဝါ ခွဲသား(၃၇)ချောင်း၊ (၅.၅၆၀၂)တန်နှင့်အတူ တရားခံ(၂)ဦး ဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိသည့် တရားမဝင်ခွဲသား၊ တရားခံနှင့် ယာဉ်အား သစ်တောဥပဒေပုဒ်မ ၄၁(က)၊ ၄၂(ခ) အရ အရေးယူဆောင်ရွက်မည်ဖြစ်ပါသည်။