ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၁၄-၂-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များအဖွဲ့သည် ရေတာရှည် မြို့နယ်၊ ရိုးမကြိုးပြင်ကာကွယ်တောအတွင်း ခန့်မှန်းပြေပုံညွှန်း(V-316582, V-314580, V-323581 နှင့် V-333572) နေရာများတွင် တရားမဝင် (ကျွန်း၊ ပျဉ်းကတိုး) သစ်လုံး/ ခွဲသား (၁၆၁)လုံး/ချောင်း၊ (၁၀.၀၈၈၂)တန်အား သိမ်းဆည်းရမိပါသည်။ သိမ်းဆည်းရမိသည့် တရားမဝင်သစ်များအား ဥပဒေနှင့်အညီ ဆောင်ရွက်ထားရှိပြီး ပိုင်ရှင်နှင့် ပါဝင်ပတ်သက်သူများအား စုံစမ်းဖော်ထုတ်၍ ဥပဒေအရ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။