မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်နှင့် ပြင်ဦးလွင်ခရိုင်မှ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ပြင်ဦးလွင်မြို့ရပ်ကွက်ကြီး(၁၀)မှ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့တို့ပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၁၄-၂-၂၀၁၇) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်နှင့် ပြင်ဦးလွင်ခရိုင် မှ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ပြင်ဦးလွင်မြို့ရပ်ကွက်ကြီး(၁၀)မှ အုပ် ချုပ်ရေးမှူးနှင့်အဖွဲ့တို့ပါဝင်သောပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၁၀)၊ နှင်းဆီလမ်းနှင့် ပြည်သာယာလမ်းဒေါင့်၊ ခြံအမှတ် ပ/၁၊ ပ/၂၄ တွင် တရားမဝင် (ပိတောက်၊ တမလန်း)သစ်/တိုင်/ခွဲသား၊ ဓားရွေ(၁၅၉)လုံး/ချောင်း၊ (၃.၅၆၀၈)တန်၊ ခြံ အတွင်းမှ ယာဉ်အမှတ်(8E/7252) တပ်ဆင်ထားသော NISSAN အမျိုးအစား၊ (၁၂)ဘီး ယာဉ်ပေါ်မှ တရားမဝင် (ပိတောက်၊ တမလန်း)ဓားရွေ (၇၃)ချောင်း၊ (၂.၆၆၈၈)တန်နှင့် တရားခံ(၃)ဦးဖမ်းဆီးရမိပါသည်။ စုစုပေါင်း ဖမ်းဆီးရမိမှုမှာ (ပိတောက်၊ တမလန်း) သစ်/တိုင်/ခွဲသား/ ဓားရွေ၊ (၂၃၂)လုံးချောင်း၊ (၆.၂၂၉၆)တန်၊ တရားခံ(၃)ဦးနှင့် ယာဉ် (၁)စီးတို့ဖြစ်ပါသည်။ တရားမဝင်သစ်ပိုင်ရှင်နှင့် ဆက်စပ်ပတ်သက်သူများ၊ မော်တော် ယာဉ်တို့အား ပြင်ဦးလွင်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိပါသည်။