ညွှန်ကြားရေးမှူးချုပ်ရုံးအစည်းအဝေးခန်းမ၌ သစ်တောဦးစီးဌာနအတွက် (HRD Plan) ရေးဆွဲနိုင်ရေးညှိနှိုင်းအစည်းအဝေးနှင့် မြန်မာနိုင်ငံသစ်တောများပြန်လည် ထူထောင်ခြင်းစီမံကိန်းတွင် ဖွင့်လှစ်ပို့ချမည့် သင်တန်းများအတွက် သင်ရိုးညှိနှိုင်းခြင်းအစည်းအဝေးကျင်းပ

(၂၀-၂-၂၀၁၇)ရက်နေ့၊ နံနက်(၁ဝ : ဝ၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးအစည်းအဝေး ခန်းမ၌ သစ်တောဦးစီးဌာနအတွက် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးအစီအစဉ် (HRD Plan) ရေးဆွဲနိုင်ရေးညှိနှိုင်းအစည်းအဝေးနှင့် ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်အတွင်း မြန်မာ နိုင်ငံသစ်တောများပြန်လည်ထူထောင်ခြင်းစီမံကိန်းတွင် ဖွင့်လှစ်ပို့ချမည့် သင်တန်းများအတွက် သင်ရိုးညှိနှိုင်းခြင်းအစည်းအဝေးကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိများ တက်ရောက်ခဲ့ကြသည်။