ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ် သစ်တောဦးစီးဌာန မှ သစ်တောဝန်ထမ်းများ၊ ကသစ်တိုင်းအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖအသိ သက်သေများပါဝင်သောအဖွဲ့မှ တရားမဝင်သစ်များဖမ်းမိခြင်း

(၁၄-၂-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ် သစ်တောဦးစီးဌာန မှ သစ်တောဝန်ထမ်းများ၊ ကသစ်တိုင်းအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖအသိ သက်သေများပါဝင်သောအဖွဲ့သည် ရွှေတောင်မြို့နယ်၊ ကသစ်တိုင်းအုပ်စု၊ ရွှေတောင် ဆည်ကြိုးပြင်ရှိ (၁၉၈၇)ခုနှစ် စီးပွားရေးကျွန်းစိုက်ခင်း (၂၅၀)ဧကအတွင်းမှ တရားမဝင် ကျွန်း(သစ်/တိုင်)၊ (၃)လုံး၊ (၀.၈၁၆)တန်နှင့်အတူ တရားခံ(၂)ဦး၊ ကျွဲ(၂)ကောင် အပါ အဝင် လှည်း(၁)စီးအားဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိသည့် တရားမဝင်သစ်၊ တရားခံ နှင့် ဆက်စပ်ပစ္စည်းများအား ဥပဒေအရ အရေးယူနိုင်ရေး ရွှေတောင်မြို့ရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်ထားရှိပါသည်။