မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ (၁၆)မိုင်စစ်ဆေးရေးစခန်းမှ တာဝန်ကျအကောက်ခွန်ဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ ဝင်များအဖွဲ့မှ တရားမဝင်ပရိဘောဂအကြမ်းခွဲသားများဖမ်းဆီးရမိခြင်း

(၁၄-၂-၂၀၁၇) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ (၁၆)မိုင်စစ်ဆေးရေးစခန်းမှ တာဝန်ကျအကောက်ခွန် ဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-လားရှိုးလမ်း၊ (၁၆)မိုင် စစ်ဆေးရေးစခန်းတွင် ယာဉ်အမှတ်(MDY-1I/2626)တပ်ဆင်ထားသော HINO အမျိုးအစား၊ အဖြူရောင်(၆)ဘီးယာဉ်ပေါ်မှ တရားမဝင်(ကျွန်း/ပိတောက်) ပရိဘောဂအကြမ်း ခွဲသားဆိုဒ်စုံ(၅၆၀)ချောင်း/လုံး၊ (၁.၂၀၂၀)တန်နှင့်အတူ တရားခံ (၁)ဦးအား ဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိသည့် တရားခံနှင့် ယာဉ်အား သစ်တောဥပဒေပုဒ်မ ၄၃(က)၊ ၄၂(ခ)ဖြင့် ပုသိမ်ကြီးမြို့နယ်၊ အုန်းချောရဲစခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိပါသည်။