ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် ဥက္ကံရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သောအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၁၄-၂-၂၀၁၇) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် ဥက္ကံရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သောအဖွဲ့သည် တိုက်ကြီးမြို့နယ်၊ ပလုံးဘိနယ်၊ ဒေသအခေါ်ဘွက်မြောင်၊ ခန့်မှန်းမြေပုံညွှန်း(47Q-883635)တွင် ယာဉ်အမှတ်(O/1188) တပ်ဆင်ထားသော HINO အမျိုးအစား၊ ခဲညို ရောင်ယာဉ်ပေါ်မှ တရားမဝင် အခြားသစ်(၁၁)လုံး၊ (၄.၇၃၄၀)တန်နှင့်အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိသည့် တရားမဝင် သစ်၊ ယာဉ်နှင့် တရားခံ အား သစ်တောဥပဒေပုဒ်မ ၄၁(က)အရ အရေးယူဆောင်ရွက်မည်ဖြစ်ပါသည်။