ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၁၅-၂-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် ပဲခူးမြို့နယ်၊ တရုတ်လယ်ကျင်း သစ်တောစခန်းတွင် ယာဉ်အမှတ်(စျ/၁၂၁၁)တပ်ဆင်ထားသော HINO အမျိုးအစား၊ အပြာရောင်(၆)ဘီး ယာဉ်ပေါ်မှ တရားမဝင် အခြားခွဲသား(၂၇)ချောင်း၊ (၃.၆၂၄၆)တန်နှင့်အတူ တရားခံ(၁) ဦး ဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိသည့် တရားမဝင် သစ်၊ တရားခံနှင့် ယာဉ်အား သစ်တောဥပဒေပုဒ်မ ၄၁(က)အရ အရေးယူဆောင်ရွက်မည်ဖြစ်ပါသည်။