စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ် သစ်တောဦးစီး ဌာနမှ သစ်တောဝန်ထမ်းများ၊ စစ်ကိုင်းခရိုင်မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့ဝင်များနှင့် အသိသက်သေများပါဝင်သောအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၁၅-၂-၂၀၁၇) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ စစ်ကိုင်းခရိုင်မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့ဝင်များနှင့် အသိ သက်သေများပါဝင်သောအဖွဲ့သည် တရားမဝင်သစ်ရှာဖွေဖမ်းဆီးခြင်းဆောင်ရွက်စဉ် စစ်ကိုင်းမြို့၊ တပ်မ(၃၃)အနီးတွင် ယာဉ်အမှတ်(1H/9814) တပ်ဆင်ထားသော CANTER အမျိုးအစား၊ အဖြူရောင်(၆)ဘီးယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် တရားမဝင် တမလန်းဓားရွေ(၁၆)တုံး၊ (၁.၉၀၅၈)တန်နှင့်အတူ တရားခံ(၂)ဦးဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိသည့် တရားမဝင် သစ်၊ ယာဉ်နှင့် တရားခံတို့အား ပ.ပ.က ဥပဒေပုဒ်မ ၆(၁)ဖြင့် အရေးယူရန် ဆောင်ရွက်လျက်ရှိပါသည်။