ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သောအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၁၅-၂-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ် သစ်တောဦးစီးဌာန မှ သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သောအဖွဲ့သည် အုတ်တွင်းမြို့နယ်၊ ခပေါင်းကြိုးပြင်ကာကွယ်တော ခုတ်ကွက်ကြီး(XVII)၊ ခန့်မှန်းမြေပုံညွှန်း(A-680734) နေရာတွင် ယာဉ်အမှတ်(2H/2600) တပ်ဆင်ထားသော LIFAN အမျိုးအစား၊ (၆)ဘီးယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုးခွဲသား(၄၄)ချောင်း၊ (၁.၈၉၂၈) တန်နှင့်အတူ တရားခံ(၂)ဦး ဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိသည့် တရားမဝင်သစ်၊ တရားခံများနှင့် ယာဉ်အား သစ်တောဥပဒေပုဒ်မ ၄၂(ခ)ဖြင့် အရေးယူဆောင်ရွက်မည် ဖြစ်ပါသည်။