မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် သစ်တော ဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ တောင်တွင်းကြီးမြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ နှင့် အုန်းတော(၁)ရပ်ကွက်မှ အသိသက်သေများပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၁၅-၂-၂၀၁၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ တောင်တွင်းကြီးမြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ နှင့် အုန်းတော(၁)ရပ်ကွက်မှ အသိသက်သေများပါဝင်သောပူးပေါင်းအဖွဲ့သည် တောင်တွင်းကြီးမြို့နယ်၊ အောင်လံ-ကိုးပင်-တောင်တွင်းကြီးလမ်းရှိ အကြည်တော်စားသောက် ဆိုင်အနီးတွင် ယာဉ်အမှတ်(မထင်မရှား)တပ်ဆင်ထားသော (FAW) အမျိုးအစား၊ အပြာရောင်(၆)ဘီးယာဉ်ပေါ်မှ တရားမဝင် ကျွန်း(တိုင်၊ မျော၊ ခွဲခြမ်း)၊ (၈၅)လုံး/ခြမ်း၊ (၁.၆၆၁၈)တန်နှင့် တရားခံ(၃)ဦး၊ ချောင်းနက်ကျေးရွာအဝင်တွင် ယာဉ်အမှတ်(BGO-2M/6171) တပ်ဆင်ထားသော FORLAND အမျိုးအစား၊ အဖြူရောင်(၆)ဘီးယာဉ်ပေါ် မှ တရားမဝင် အခြားခွဲသား(၈၆)ချောင်း၊ (၃.၆၇၂၄)တန်နှင့်အတူ တရားခံ(၄)ဦး ဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိမှု စုစုပေါင်းမှာ တရားမဝင်(ကျွန်း၊ အခြား)သစ်/တိုင်/ခွဲသား/ ခွဲခြမ်း၊ (၁၇၁)လုံး/ခြမ်း/ချောင်း၊ (၅.၃၃၄၂)တန်၊ ယာဉ်(၂)စီး၊ တရားခံ(၇)ဦးတို့ဖြစ်ပါသည်။ ဖမ်းဆီးရမိသည့် တရားမဝင် သစ်/ယာဉ်များနှင့် တရားခံများအား ပ.ပ.က ဥပဒေ ၆(၁)အရလည်းကောင်း၊ သစ်တောဥပဒေပုဒ်မ ၄၂(က)အရလည်းကောင်း အရေးယူထားရှိပါသည်။