စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ် သစ်တောဦးစီးဌာန မှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် အမှတ်(၃)ရပ်ကွက်အုပ်ချုပ် ရေးမှူးတို့ပါဝင်သောအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း
(၁၆-၂-၂၀၁၇) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ် သစ်တောဦးစီးဌာန မှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် အမှတ်(၃)ရပ်ကွက်အုပ်ချုပ် ရေးမှူးတို့ပါဝင်သောအဖွဲ့သည် မြင်းမူမြို့နယ်၊ တန်ပိုစစ်ဆေးရေးစခန်းအနီး၊ မိုင်တိုင် အမှတ် ၄၆/၃ နှင့် ၄၆/၄ ကြား ခန့်မှန်းမြေပုံညွှန်း (GV-673284) နေရာတွင် ရပ်တန့် ထားသည့် ယာဉ်အမှတ်(၈ဇ/၈၅၈၅) တပ်ဆင်ထားသည့် (CANTER) အမျိုးအစား၊ ခေါင်း (ဖြူပြာကြား)အရောင်(၆)ဘီးယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား(၁၂) ချောင်း၊ (၁.၈၆၂၂) တန်အား သိမ်းဆည်းရမိပါသည်။ သိမ်းဆည်းရမိသည့် ယာဉ်နှင့် တရားမဝင်သစ်ခွဲသားများအား ဥပဒေနှင့်အညီ ဆောင်ရွက်ထားရှိ၍ သစ်ပိုင်ရှင်၊ ယာဉ် မောင်း၊ ယာဉ်ပိုင်ရှင်နှင့် ဆက်စပ်ပတ်သက်သူများအား စုံစမ်းဖော်ထုတ်၍ ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။