ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ပြွန်တန်ဆာနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ဝဲဝန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၁၆-၂-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ပြွန်တန်ဆာနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ဝဲဝန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် သစ်တောမှုရှာဖွေ ဖော်ထုတ်ဖမ်းဆီးခြင်းလုပ်ငန်းများဆောင်ရွက်စဉ် ညောင်လေးပင်မြို့နယ်၊ ရန်ကုန်- မန္တလေးကားလမ်းဟောင်း၊ မိုင်တိုင်အမှတ်(၈၈/၁)အနီး ခန့်မှန်းမြေပုံညွှန်း(G-158625) နေရာ၌ မော်တော်ယာဉ်နှင့် အနီးဝန်းကျင်တွင် တစ်စုံတစ်ယောက်မှမတွေ့ရှိဘဲ ရပ်တန့် ထားသည့် ယာဉ်အမှတ်(YGN-4I/1577) တပ်ဆင်ထားသော FOTON အမျိုးအစား အပြာရောင်(၆)ဘီးယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား(၁၃၃၇)ချောင်း၊ (၅.၃၄၉၂) တန်နှင့် ကျော်ဝင်းထွန်းအမည်ပါ နိုင်ငံသားစီစစ်ရေးကဒ်(၁)ခုအား သိမ်းဆည်းရမိပါသည်။ သိမ်းဆည်းရမိသည့် မော်တော်ယာဉ်နှင့် တရားမဝင်သစ်ခွဲသားများအား ဥပဒေ နှင့်အညီ ဆောင်ရွက်ထားရှိပြီး စစ်ဆေးတွေ့ရှိသည့် နိုင်ငံသားစိစစ်ရေးကဒ်မှ ကျော်ဝင်းထွန်းနှင့် တရားမဝင် သစ်ပိုင်ရှင်၊ ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းအပါအဝင် ဆက်စပ်ပတ် သက်သူများအား စုံစမ်းဖော်ထုတ်၍ ဥပဒေအရ အရေးယူနိုင်ရန်အတွက် ပြွန်တန်ဆာ နယ်မြေရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျက်ရှိပါသည်။