မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများကြို့ပင်ကောက်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် စီကျေးရွာအုပ်ချုပ် ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၁၆-၂-၂၀၁၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများကြို့ပင်ကောက်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် စီကျေးရွာအုပ်ချုပ် ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် ကံမမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်း၊ မိုင်တိုင် (၁၈၄/၂)အနီးတွင် ယာဉ်အမှတ်(ဘ/၃၇၂)တပ်ဆင်ထားသော NISSAN အမျိုးအစား၊ အပြာရောင်ယာဉ်ပေါ်မှ တရားမဝင်(ပျဉ်းကတိုး/အခြား)သစ်/တိုင် (၂၅)လုံး၊ (၄.၃၆၄၂) တန်အား သိမ်းဆည်းရမိပါသည်။ သိမ်းဆည်းရမိသည့် တရားမဝင်သစ်နှင့် ယာဉ်အား ဥပဒေနှင့်အညီဆောင်ရွက်ထားရှိပြီး ထွက်ပြေးတိမ်းရှောင်နေသော တရားခံ(၃)ဦးနှင့် ဆက်စပ်ပတ်သက်သူများအား ဥပဒေအရ အရေးယူနိုင်ရေး ကြို့ပင်ရဲစခန်းတွင် ပ.ပ.က ဥပဒေပုဒ်မ ၆(၁)အရ အမှုဖွင့်လှစ်ထားရှိပါသည်။