ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၁၉-၂-၂၀၁၇)ရက်နေ့၊ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ သည် ရေတာရှည်မြို့နယ်၊ စိုင်းရကြိုးဝိုင်းအကွက်(၆၈)၊ ခန့်မှန်းမြေပုံညွှန်း(V-562438) နေရာတွင် တရားမဝင်(ကျွန်း/ပျဉ်းကတိုး/အခြား) သစ်/တိုင်/ခွဲသား(၄၃)လုံး/ချောင်း၊ (၃.၆၉၃၄)တန်အား သိမ်းဆည်းရမိပါသည်။ သိမ်းဆည်းရမိသည့် တရားမဝင်သစ်များအား ဥပဒေနှင့်အညီဆောင်ရွက်ထားရှိပြီး သစ်ပိုင်ရှင်နှင့် ပါဝင်ပတ်သက်သူများအား စုံစမ်းဖော်ထုတ်၍ ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။