မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ပြည်ကြီးတံခွန်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ နှင့် တံခွန်တိုင်ရပ်ကွက်၊ ငွေတော်ကျီကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၁၇-၂-၂၀၁၇) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ပြည်ကြီးတံခွန်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ နှင့် တံခွန်တိုင်ရပ်ကွက်၊ ငွေတော်ကျီကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူး ပေါင်းအဖွဲ့သည် ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ မြကျွန်းအောင်ဘုန်းကြီး ကျောင်းဘေးနှင့် ယာဉ်အမှတ်(MDY-8G/7387)တပ်ဆင်ထားသော Light Truck အမျိုးအစား၊ အဖြူရောင်ယာဉ်ပေါ်မှ တရားမဝင် တမလန်းဓားရွေ(၂၉)ချောင်း၊ (၁.၂၁၇၆)တန်နှင့်အတူ တရားခံ(၂)ဦးဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိသည် တရားမဝင် သစ်၊ ယာဉ်နှင့် တရားခံများအား ဥပဒေအရ အမှုဖွင့်အရေးယူဆောင်ရွက်မည်ဖြစ် ပါသည်။