ကျောက်ဆည်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများ၊ ကင်းစိန်စျေးနှင့် ညောင်ဝန်းကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အသိသက်သေများပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များ၊ ချိန်းဆောနှင့်သစ်စက်ဆက်စပ်ပစ္စည်းများဖမ်းဆီးရမိခြင်း

(၁၆-၂-၂၀၁၇) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် သစ်တော ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများ၊ ကင်းစိန်စျေးနှင့် ညောင်ဝန်းကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အသိသက်သေများပါဝင် သောပူးပေါင်းအဖွဲ့သည် မြစ်သားမြို့နယ်၊ မြစ်သားမြို့အနောက်ဘက် ကင်းစိန်စျေး ကျေးရွာ စမာမြောင်းအထက်(၄)ဖာလုံခန့်အကွာ သရက်ခြံအတွင်းတွင် တရားမဝင်(ပျဉ်းကတိုး/အခြား) သစ်/တိုင်/ခွဲသား(၂၂၀)လုံး/ချောင်း၊ (၁၆.၇၀၈၆) တန်၊ ချိန်းဆော(၁)လက်၊ ချန်ချိုင်း(32 H.P) အင်ဂျင်(၁)လုံးအပါအဝင် သစ်စက် ဆက်စပ်ပစ္စည်းများတပ်ဆင်ထားသည့် တရားမဝင် သစ်စက်(၁)လုံးနှင့် တရားခံ(၁)ဦး၊ ညောင်ဝန်းကျေးရွာ၊ ကြက်တိုက်ကွေ့ဘုရားအနီး သရက်ခြံအတွင်း တရားမဝင် အခြားခွဲသား(၆၃)ချောင်း၊ (၆.၀၈၂၈)တန်၊ ယူလင်(24 H.P) အင်ဂျင်(၁) လုံးအပါအဝင် သစ်စက်ဆက်စပ်ပစ္စည်းများတပ်ဆင်ထားသည့် တရားမဝင် သစ်စက် (၁) လုံးနှင့် တရားခံ(၂)ဦး ဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိမှု စုစုပေါင်းမှာ (ပျဉ်းကတိုး/ အခြား)သစ်/တိုင်/ခွဲသား (၂၈၃)လုံး/ချောင်း၊ (၂၂.၇၉၁၄)တန်၊ သစ်စက်(၂)လုံး၊ ချိန်းဆော (၁)လက်နှင့် တရားခံ(၃)ဦးတို့ဖြစ်ပါသည်။ ဖမ်းဆီးရမိသည့် တရားမဝင်သစ်၊ ဆက်စပ်ပစ္စည်းများနှင့် တရားခံများအား သစ်တောဥပဒေပုဒ်မ ၄၁(က)၊ ၄၂(ဂ)တို့အရ အရေးယူဆောင်ရွက်မည်ဖြစ်ပါသည်။