ရှမ်းပြည်နယ်၊ သီပေါမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သီပေါမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် သီပေါမြို့ အနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၁၈-၂-၂၀၁၇) ရက်နေ့တွင် ရှမ်းပြည်နယ်၊ သီပေါမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သီပေါမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် သီပေါမြို့ အနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် သီပေါမြို့နယ်၊ အနောက်ရပ် ကွက်၊ ကံ့ကော်လမ်း၊ ဟိန္နူဘုရားကျောင်းအနီးတွင် ယာဉ်အမှတ်(MDY/3E-2263) တပ်ဆင်ထားသော ခေါင်းအပြာရောင်(၁၂)ဘီးယာဉ်ပေါ်မှ တရားမဝင်(ပိတောက်/ တမလန်း) ခွဲသား၊ (၆၃) ချောင်း၊ (၆.၂၆၄၀)တန်နှင့်အတူ တရားခံ(၂)ဦးဖမ်းဆီးရမိပါသည်။ ဖမ်းဆီးရမိသည့် တရားမဝင် သစ်၊ ယာဉ်နှင့် တရားခံများအား သီပေါမြို့မ ရဲစခန်းတွင် ပ.ပ.က ဥပဒေပုဒ် မ ၆(၁)ဖြင့် အရေးယူဆောင်ရွက်မည်ဖြစ်ပါသည်။