တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ရေကန်တောင်ရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် သဲချောင်းကြီးကျေးရွာနှင့် ရေကန်တောင်ရွာအုပ်ချုပ်ရေးအဖွဲ့တို့ပါဝင်သောပူးပေါင်းအဖွဲ့မှ တရားမဝင်သစ်များဖမ်းဆီးရမိခြင်း

(၁၆-၂-၂၀၁၇)ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ် သစ်တောဦးစီး ဌာနမှ သစ်တောဝန်ထမ်းများ၊ ရေကန်တောင်ရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် သဲချောင်း ကြီးကျေးရွာနှင့် ရေကန်တောင်ရွာအုပ်ချုပ်ရေးအဖွဲ့တို့ပါဝင်သောပူးပေါင်းအဖွဲ့သည် ကျွန်းစုမြို့နယ်၊ ရေကန်တောင်ကျေးရွာအုပ်စု၊ သဲချောင်းကြီးရွာ၊ ရွာရှေ့ချောင်း၊ ခန့်မှန်း မြေပုံညွှန်း(MN-341006) နေရာတွင် (၄၄' x ၁၀' x ၅' )အရွယ်အစား၊ တရုတ်(10 H.P)အင်ဂျင်(၁)လုံးနှင့် HONDA (5 H.P) အင်ဂျင်ရေစုပ်စက်(၁)လုံး တပ်ဆင်ထား သည့် စက်လှေ(၁)စီး၊ (၅၂' x ၁၅' x ၇') အရွယ်အစား၊ တရုတ်(22 H.P) အင်ဂျင် (၂)လုံးနှင့် HONDA (5H.P)အင်ဂျင်ရေစုပ်စက်(၁)လုံးတပ်ဆင်ထားသည့် စက်လှေ (၁)စီး၊ (၄၇' x ၁၂' x ၆') အရွယ်အစား၊ တရုတ်(10 H.P) အင်ဂျင်(၂)လုံးနှင့် HONDA (5 H.P) အင်ဂျင်ရေစုပ်စက်(၁)လုံးတပ်ဆင်ထားသော စက်လှေ(၁)စီး၊ (၃၃' x ၄.၆' x ၄') အရွယ် အစား၊ တရုတ်(10 H.P) အင်ဂျင်(၁)လုံးနှင့် HONDA (5 H.P) ရေစုပ် စက်(၁)လုံး တပ်ဆင်ထားသော စက်လှေ(၁)စီး၊ စုစုပေါင်းစက်လှ(၄)စီးမှ တရားမဝင် (ငှက်/ဆောင်း) သစ်မျိုး၊ မျောလုံး(၁၉၅၅)လုံးအား သိမ်းဆည်းရမိပါသည်။ စုစုပေါင်း ဖမ်းဆီးရမိမှုမှာ တရားမဝင် မျောလုံး(၁၉၅၅)လုံး၊ စက်လှ(၄)စီးနှင့် အင်ဂျင်(၁၀)လုံးတို့ ဖြစ်ပါသည်။ ဖမ်းဆီးရမိသည့် စက်လှေ၊ ဆက်စပ်ပစ္စည်းများနှင့် တရားမဝင် မျောလုံး များအား ဥပဒေနှင့်အညီ ဆောင်ရွက်ထားရှိပြီး၊ ပိုင်ရှင်နှင့် ပါဝင်ပတ်သက်သူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေးစုံစမ်းဖော်ထုတ်လျက်ရှိပါသည်။